ပြဿနာတွေနဲ့ခဏခဏကြုံလာရတဲ့အခါ



လိုတာထက်ပိုရစ်တတ်တဲ့
ချစ်သူမျိုးကိုပိုင်ဆိုင်ထားလို့
ပြဿနာတွေနဲ့ခဏခဏကြုံလာရတဲ့အခါ
ဒီနည်းလမ်းလေးတွေသုံးပြီးဖြေရှင်းကြည့်ပါ

( ၁ ) ဘာပဲလုပ်လုပ် မှန်တာလုပ်၊မှန်တာပြောပါ

ဘယ်ကိုသွားမယ်၊ ဘယ်သူနဲ့သွားမယ်၊
ဘာလုပ်ဖို့သွားမယ်၊ဘာလုပ်ချင်တယ်....စသဖြင့်
အမှန်ပြောသွားပါ
တစ်ဖက်လူကစိတ်မချရင်တောင်
စိတ်သက်သာရာရပါတယ်
သင့်အတွက်လည်း အပြစ်ကင်းတာပေါ့။
(မှတ်ချက်....အမှန်ပြောသွားတယ်ဆိုပြီး
​လုပ်ချင်ရာလုပ်နေတာမျိုး​တော့မဖြစ်ပါစေနဲ့)

( ၂ )နှုတ်ဆိတ်ငြိမ်သက်မနေပါနဲ့

မှန်နေရင်ပဲဖြစ်ဖြစ် မှားနေရင်ပဲဖြစ်ဖြစ်
တစ်ချို့က နားငြီးလို့ ပြီးရင်ပြီးရောဆိုပြီး
နှုတ်ဆိတ်ငြိမ်သက်နေတဲ့အခါ
တစ်ဖက်လူရဲ့ စိတ်ကိုပိုဆွသလိုဖြစ်တတ်လို့
ပြဿနာကပိုရှည်တတ်ပါတယ်။

( ၃ ) ဝန်ခံပါ

ကိုယ့်ဘက်ကမှားခဲ့တယ်ဆိုရင်ဝန်ခံပြီး
ကျေအေးဖို့ပြောလိုက်ပါ
တဖက်လူရဲ့စိတ်ထဲမှာ
အစိုင်အခဲတွေဆက်မဖြစ်တော့ဘူးပေါ့။

( ၄ ) ပြင်သင့်တာပြင်ပါ

မမှားသင့်တဲ့အမှားမျိုး မှားခဲ့တယ်ဆိုရင်
"တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး"လို့
ပြောပြီး
တူညီတဲ့အမှားမျိုးကို
ထပ်ခါထပ်ခါ ဆက်မှားနေလို့မရပါဘူး
မဖြစ်သင့်ဘူးထင်လို့ ပြင်မယ်ဆိုရင်
ပြင်ကိုပြင်ပစ်လိုက်ပါ။

( ၅ )အပြိုင်ပြောပါ အကန်မပြောပါနဲ့

မဟုတ်ရင် မဟုတ်တာကိုဖြေရှင်းဖို့
အပြိုင်ပြောသင့်ရင်ပြောပါ
ဒါမှ အဖြစ်မှန်က အချိန်တိုအတွင်းပေါ်ပြီး
သူရောသင်ရော စိတ်ထဲမှာပေါ့သွားပြီး
စိတ်ပြေကြမှာပါ
"ငါမှမမှားတာ"ဆိုပြီး ဇွတ်အတင်းအကန်တွေပြောနေရင်
ပြဿနာကမပြီးဘဲ ပိုရှည်သွားတတ်ပါတယ်။

( ၆ ) ဆင်ခြင်ပါ

ချစ်သူရှိလာပြီဆိုရင်တော့ စိတ်ထဲရှိတဲ့အတိုင်း
နေချင်သလိုနေလို့မရတော့ပါဘူး
တစ်ဖက်လူမကြိုက်တဲ့အရာတွေကို
အတတ်နိုင်ဆုံးဆင်ခြင်သင့်ပါတယ်။

( ၇ ) ညှိနှိုင်းပါ ဖြေရှင်းပါ

ပြဿနာတစ်ခုဖြစ်လို့အရစ်ခံရတိုင်း
"နင်နဲ့ငါမဖြစ်နိုင်ဘူး"လို့ပြောပြီး
လမ်းခွဲဖို့ပဲ မစဥ်းစားပါနဲ့
ရစ်ရတဲ့အကြောင်းအရင်ကဘာလဲဆိုတာ
သိအောင်လုပ်ပါ
ညှိနှိုင်းကြည့်ပါ ဖြေရှင်းကြည့်ပါ
ပြီးမှ ဆုံးဖြတ်ကြပါ။

အားလုံးကျိုကြေးဇူးတငျပါတယျ....။

ချစ်ခင်လျက်....
မနောသီရိ(အတွေးနဲ့အမြင်စာစုလေးများ)

Comments

Popular posts from this blog

"Valentine day Present For You"

နောက်ကျောက ဓားဒဏ်ရာ